Monday, April 24, 2017

ချစ်သူ….. မတွယ်တာ ပစ်ခွာမယ့်စကား မပြောပါနဲ့လား ဥပေက္ခာတွေသာ ရရှိဖူးတဲ့ ငါ့နေရာ ငါ့ကမ္ဘာမှာ မင်းကြောင့် နွေးထွေးချိုမြ လုံခြုံခဲ့ဖူးပါတယ် ဒါပေမယ့် ချစ်သူရယ် ငါဆိုတဲ့ငါကလည်း ပုထုဇဉ်ပီသ လောကီသားမို့ မပိုတောင် မလျော့တဲ့ မာနရှိပါတယ် အတ္တစကားတွေသာ များစွာကြားရ ငါ့နားဝမခံသာ ခါးလှလို့ ကြာရင်ငါလေ စိတ်မပါတောင် မင်းကိုမုန်းမိတော့မယ် မမုန်းချင် မခွာချင် ငါလေ မင်းလေးကိုသာ ပိုချစ်လို့ ပါ.............
ကောင်မလေး
မင်းကြောင့် ငါ့ Heart Disk မှာ
Bad Sector တွေများနေပြီ…..

ကောင်မလေး
မင်းကြောင့် ငါ့ Registry မှာ
Virus ဝင်နေပြီ
Love.exe တဲ့………..

ကောင်မလေး
မင်းအကြောင်းစဉ်းစားရလွန်းလို့
ငါ့ Processor အတွက်အချက်တွေများပြီး
System လည်း Harm နေပါပြီကွာ….
အားလုံးအဆင်ပြေသွားအောင်
ငါ့ နှလုံးသားကို Format ချဖို့ကြတော့လည်း
မင်းနဲ့ပတ်သက်တဲ့ File လေးတွေ ပျောက်သွားမှာ စိုးတယ်ကွာ…………
မုန်းပြီဆိုရင် 1500 ကို 3000 ပေးလည်းလှည့်မကြည့်ဘူး
အချစ်ဆိုတာ Bus ကားလိုပဲထွက်သွားတဲကား
နောက်ပြေးမလိုက်နဲ့မောတယ်
ခဏစောင့်လိုက် နောက်တစ်စီးလာလိမ့်မယ်
ကံမကောင်းရင်တောနောက်တစ်စီးက
ဘီးပေါက်နေမှာကြောက်ရတယ်
ဘီးမပေါက်အောင် ဆုတောင်လိုက်ကြရအောင်။
နင့်ကို ယုံကြည်စွာ ချစ်မိခဲ့တဲ့
ငါ့နှလုံးသား ဒဏ်ရာများစွာနဲ့
ကျန်ရစ်ခဲ့တာ နင်သိလားး
နင်ဘာလို့ရက်စက်ခဲ့တာလည်း
မျှော်လင့်ရင်းရူးနေတဲ့ ငါ့ကို
နင်မရှိတဲ့ ဘဝမှာ
ငါတစ်ယောက်ထဲ
ညတိုင်းအိပ်မက်ဆိုးမက်နေတာရော
နင်သိလားးး………
အလွမ်းဝင်္ကမ္ဘာထဲမှာ နစ်မြုပ်နေတဲ့ ငါ
သတိရခြင်းကို ဆွဲယူပြီး
ရုံးထွက်လည်း ဝမ်းနည်းမှုတွေကြောင့်
ကျရှုံးခဲ့ရတယ်

ငါ့ရင်ထဲကခံစားချက်တွေ နင့်ကိုသိစေချင်လိုက်တာ
အချစ်​ရဲ့ အခြားတဖက်​မှာ
လိမ်​ညာခြင်းဆိုတာ မရှိခဲ့ရင်​ ​ကောင်းမှာ
အခု​တော့ ချစ်​ခြင်းရဲ့​အ​ရှေ့က
ယုံကြည်​ခြင်းကို အ​လေးထားမိ​တော့
လိမ်​ညာခြင်းတချို့​ကြောင့်
ရင်​နာရုံကလွဲလို့
မျက်​ရည်​​တွေပါ အဆစ်​ပို​ပေးလိုက်​ရတယ်
မင်းရဲ့ သီချင်းဆိုသံ
ငါ့ နှလုံးသားကို လှုပ်ခတ်
နားဝင်ချို တေးသံသာများနဲ့
စီးမျှော်ရင်းကာ
စီးဆင်နေဆဲပေါ့ကွယ်……
တစ်ဝက်တစ်ပြယ်
ရပ်တန့်သွားလို့
စိတ်ကူးယဉ် အချစ်တစ်ခု
တို့နှစ်ယောက် သံစဉ်များ
ပျက်သုဉ်း ခဲ့လေရဲ့……
အနီးကပ်ဆုံး ဖြတ်သန်းသွားသော
လေပြင်းများကြောင့်
သူရဲ့ မာနတွေက
ခါချတတ်ခဲ့ပြီးပေါ့……
မဆုံနိုင်သော မျဉ်းပြိုင်နှစ်ခု
သောကလမ်းကြောင့်ပေါ်မှာ
ဆုံနိုင်အောင်လည်း
မကြိုးစားချင်ခဲ့ပါဘူး…
သူကိုချစ်တဲ့ ငါ့……
ငါ့ချစ်တဲ့ သူကို……
အဝေးတစ်နေရာမှာ
မြတ်နိုးတွယ်တာ
ကြင်နာ ရုံကလွှဲလို့
ဘာနဲ့မှာ နှိုင်းယုဉ်မရ
ဒီမေတ္တာသမား အသည်း
ကျွမ်းကြေခဲ့ရပြန်ပြီး……။

ချစ်သူ….. မတွယ်တာ ပစ်ခွာမယ့်စကား မပြောပါနဲ့လား ဥပေက္ခာတွေသာ ရရှိဖူးတဲ့ ငါ့နေရာ ငါ့ကမ္ဘာမှာ မင်းကြောင့် နွေးထွေးချိုမြ လုံခြုံခဲ့ဖူးပါတယ် ဒါပေမ...